Showing posts with label letters. Show all posts
Showing posts with label letters. Show all posts

Friday, October 24, 2008

ချိုးလင်းပြာသို့ ပေးစာ

ချိုးလင်းပြာစာအုပ်ဟာ ယောက်ျားလေးတွေကို နှိမ်ထားသလိုဖြစ်နေတယ်..။ အဲဒီဖြစ်တော့ စိတ်မကောင်းဘူး။ အရင်တုန်းက လူ့အခွင့်အရေးပဲသိတယ်.. အခုမှ မိန်းမအခွင့်အရေးရှိတာသိရတယ်။ အံ့သြစရာကြီး။ စာအုပ်ထဲမှာ ရေးလို့ရှိရင် အမျိုးသမီးတွေ ကျော်ကြားခဲ့တဲ့အကြောင်းပဲရေးတယ်။ ယောက်ျားတွေလဲ အဲဒီလိုမျိုး လုပ်နိုင်တာရှိတာပဲ။ တကယ်လို့ မိန်းမတွေ အဲလောက်တော်တယ်ဆိုရင် အမျိုးသမီးတွေကို ထဘီကတောင်းကျိုက်ပြီး စစ်တိုက်ခိုင်းလိုက်ချင်တယ်..။

ချင်းမိုင်မှ အလုပ်သမားများ



ဆက်ရန်...

ချိုးလင်းပြာသို့ ပေးစာ

ချိုးလင်းပြာစာအုပ်ကို ၁ လကို တစ်ကြိမ်ဖတ်ချင်တယ်.. ၂ လ ၁ ကြိမ်ဆို အရမ်းကြာသလိုဖြစ်တယ်။

ချင်းမိုင်မှ အလုပ်သမားများ



ဆက်ရန်...

ချိုးလင်းပြာသို့ ပေးစာ

သို့

ချိုးလင်းပြာအယ်ဒီတာအဖွဲ့

ချိုးလင်းပြာ အမှတ် (၅) Volume 52 တွင်ပါရှိသော သတင်းတပုဒ်ဖြစ်သည့် စာမျက်နှာ ၁၂ ပါ `ရခိုင်အမျိုးသမီးငယ်တဦးကို ရခိုင်အမျိုးသမီးအစည်းအရုံးမှ ကယ်တင်´ဆိုသည့် သတင်းတွင်အမျိုးသမီးငယ်၏ ဓာတ်ပုံကို ပေါ်ပေါ်ထင်ထင် ဖော်ပြထားခြင်းအားဖြင့် ထိုအမျိုးသမီးငယ်အပေါ်တွင် အန္တရာယ်များ ကျရောက်လာနိုင်သည်ဟု မြင်ပါသည်။ ထို့ကြောင့် နောက်နောင် ချိုးလင်းပြာအနေဖြင့် ယခုလို ဓာတ်ပုံများ ဖော်ပြမည်ဆိုပါက ကာယကံရှင်အပေါ်တွင် ကျရောက်လာမည့် အန္တရာယ်ကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ယခုလို ပေါ်ပေါ်ထင်ထင် မဖော်ပြသင့်ကြောင်း အကြံပြုအပ်ပါသည်.....

ချိုးလင်းပြာ၏ ပင်တိုင်စာဖတ်ပရိသတ်တဦး (မဲဆောက်ဒေသ)
၂၄-၁၀-၀၈


ဆက်ရန်...

ချိုးလင်းပြာသို့ပေးစာ

၉-၁၀-၀၈

နောက်ဆုံးထွက် အမှတ်စဉ် ၅၀ ထဲက နာဂစ်အင်တာဗျူးကိုဖတ်ရတော့ စိတ်မကောင်းတအားဖြစ်မိတယ်။ နာဂစ်ဖြစ်တုန်းက ကိုယ်က ထိုင်းမှာဆိုတော့ ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာ မသိရဘူးလေ။ ကိုယ်ကလည်း ကိုယ့်အိမ်ရောပါသွားသလား၊ မောင်နှမတွေပါသွားလား စိုးရိမ်မိတာပေါ့။ အင်တာဗျူးထဲမှာ ကလေးတွေကို ပစ္စည်းတွေ အကုန်မဝေဘူးသိရတော့ စိတ်မကောင်းတအားဖြစ်ရတယ်။ စာဖတ်ရင်း ဒါ စစ်အစိုးရကြောင့်ဖြစ်ရတယ်လို့ စိတ်ထဲမှာ ထင်မိတယ်။ စာအုပ်ဖတ်တော့ ကိုယ်မသိတာတွေ သိရတာပေါ့။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ အခြေအနေကို သိရတယ်။

ယမင်းထွန်း



ဆက်ရန်...

ချိုးလင်းပြာသို့ပေးစာ

၅-၁၀-၀၈
ချိုးလင်းပြာနဲ့ပတ်သက်ပြီး အကုန်ဖတ်တယ်။ အထူးသဖြင့် နိုင်ငံရေးကဏ္ဍနဲ့ ပတ်သက်ပြီး ပိုဖတ်ဖြစ်တယ်။ သူငယ်ချင်းမိန်းကလေးတွေက နိုင်ငံရေးနဲ့ပတ်သက်ပြီး သိပ်မဖတ်ပါနဲ့.. နောက်ဆို အစ်မပါ နိုင်ငံရေးထဲပါသွားမယ်လို့ ပြောပါတယ်။ ကျမက ဘာဖြစ်လဲ.. ပါသွားချင် ပါသွားပါစေပေါ့.. ငါက နဂိုကတည်းက ၀ါသနာပါတာပဲ.. နင်တို့က နိုင်ငံရေးသဘောတရားကို စာဖတ်ရင် နားလည်သွားမှာပေါ့ ပြန်ပြောလိုက်တယ်။ သူငယ်ချင်းတွေက မေးတယ်.. အစ်မက ဒီစာအုပ်တွေဖတ်ပြီး သင်တန်းသွားတက်နေတာ ဘာဖြစ်လို့လဲလို့မေးတယ်..။ နင်တို့သိချင်ရင် နင်တို့လိုက်ခဲ့ပေါ့လို့ ပြန်ပြောတော့ မကြောက်ရဘူးလားလို့ မေးတယ်။ ရဲတွေဘာတွေ လမ်းမှာရှိမှာပေါ့.. ကြည့်ပြီးသွားမှာပေါ့လို့ ပြန်ပြောလိုက်တယ်..။

ကိုယ်က ပညာမရှိဘူး။ ဒါကြောင့် ဒီစာအုပ်တွေကိုပဲ အမှီပြုပြီးရှာရတာ။ ကိုယ်ဖတ်ပြီးသားစာတွေကိုလည်း ခေါင်းစဉ်ပြောပြပြီး သူတို့ကို ပြန်ဖတ်ခိုင်းတယ်။ ပြီးတော့ နောက်တခြားခေါင်းစဉ်နဲ့ အကြောင်းအရာတွေပါ စိတ်ဝင်စားစရာကောင်းတယ်လို့ပြောတော့ သူတို့တွေက ဖတ်တယ်။ သူတို့တွေက စာအုပ်ဖတ်တာတောင် နိုင်ငံရေးညှိစွန်းမှာ ကြောက်တယ်။

မိုမိုထွန်း (CNN စက်ရုံ-မဲဆောက်)



ဆက်ရန်...

ချိုးလင်းပြာနှင့်ပတ်သက်သည့် ဝေဖန်အကြံပြုချက်

၁၁-၉-၀၈

ဖတ်ရတာကြိုက်တယ်... ဆွဲဆောင်မှုရှိတယ်...။

ထုံထောင်းမှ ကျဘန်းအလုပ်သမားတဦး (မဲဆောက်)



ဆက်ရန်...

ချိုးလင်းပြာနှင့်ပတ်သက်သည့် ဝေဖန်အကြံပြုချက်

၁၂-၉-၀၈

သူများတွေပြောတယ်.. ဖတ်ကြည့်၊ ဆွဲဆောင်မှုတခုခုရှိတယ်လို့ပြောလို့ အခု လာယူဖတ်တာ....

မဲဆောက်မှ အလုပ်သမားအမျိုးသမီးတဦး



ဆက်ရန်...

ချိုးလင်းပြာသို့ ဝေဖန်အကြံပြုချက်

၁၇-၉-၀၈

ချိုးလင်းပြာကို စိတ်ဝင်စားတယ်။ နိုင်ငံရေးကဏ္ဍကို ကြိုက်လို့ ပိုဖတ်ဖြစ်တယ်။ ငယ်ငယ်တုန်းက ၈၈ မှာ ပါခဲ့တယ်။ အဲဒီတုန်းက ၆ တန်းပဲရှိသေးတယ်။ မိသားစုသာ မရှိခဲ့ဘူးဆိုရင် နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါချင်တယ်.....

မအေးသင်း (ဖိကြီးဖိငယ်စက်ရုံ- မဲဆောက်ဒေသ)



ဆက်ရန်...

ချိုးလင်းပြာသို့ပေးစာ

၂-၉-၀၈

အမျိုးသမီးအကြောင်း Issues and Essay ရေးရတဲ့အခါ ချိုးလင်းပြာကနေ အတွေးအခေါ်တွေ အများကြီးရတယ်။ သူများတွေနဲ့ စကားပြောတဲ့အခါလည်း ပြောနိုင်တယ်။ ဘာသာပြန်တွေ လွယ်လွယ်နဲ့ ဖတ်ရတော့ အချိန်မကုန်တော့ဘူး။ အင်တာနက်ထဲက သတင်းတွေ ပြန်ဖတ်ရတော့ သမီးတို့အတွက် အရမ်းကောင်းပါတယ်။ တချို့ယောက်ျားလေးတွေက စာအုပ်ကိုတွေ့ရင် ဖုံးထားလို့ပြောတယ်။ ကွယ်ရာမှာ သူတို့မဖတ်ပဲ မနေနိုင်ဘူး။ နောက်ထွက်မယ့်စာအုပ်ထဲမှာ ဘာတွေပါမလဲဆိုတာ အရမ်းရင်ခုန်ရင်း စောင့်နေကြတာ......

အေးမို့ဇန် (မင်းမဟော်ကျောင်းသူ) (မဲဆောက်ဒေသ)



ဆက်ရန်...

ချိုးလင်းပြာသို့ပေးစာ

၆-၉-၀၈

ချိုးလင်းပြာဖတ်ရတာကြောင့် ဗဟုသုတတိုးလာတယ်။ တခြားနိုင်ငံမှာဖြစ်နေတဲ့ နိုင်ငံခြားမှာ ဖြစ်ပျက်နေတဲ့ သတင်းတွေကို သိရတယ်။ အမျိုးသမီးခေါင်းဆောင်မှုတွေကို တွေ့ရတော့ ခေါင်းဆောင်မှုတွေ ကိုယ်ကိုယ်တိုင်မဖြစ်ခဲ့၊ မလုပ်နိုင်ခဲ့ပေမယ့် သူများလုပ်တာတွေ့ရတော့ ၀မ်းသာတယ်။ ကိုယ်ဖတ်ရတဲ့ အကြောင်းအရာတွေလည်း သူများကို ပြန်ပြောပြတယ်။ တချို့ အကြောင်းအရာတွေကိုတော့ သိပ်နားမလည်ဘူး.....

မရီရီဝင်း (မဲဆောက်)



ဆက်ရန်...

စာမူဖိတ်ခေါ်ခြင်း

ချိုးလင်းပြာ အမျိုးသမီးစာစောင်အတွက် အမျိုးသမီးရေးနှင့် သက်ဆိုင်သော ဆောင်းပါး၊ ၀တ္တုတို၊ ကဗျာ၊ သတင်းတို့ကို ချိုးလင်းပြာသို့ ပေးပို့နိုင်ပါသည်။ အမျိုးသမီးရေးနှင့် သက် ဆိုင်သည့် အပြုသဘောဆောင်သော မည်သည့်ဝေဖန် ချက်၊ သုံးသပ်ချက်၊ အကြံပြုချက်ကိုမဆို ကြိုဆိုပါသည်။

တောင်းပန်ခြင်း

ဤစာမျက်နှာ (သို့) စာစောင်သည် အခမဲ့ဖြန့်ဝေသော စာစောင်ဖြစ်သည့်အတွက် အကြောင်းအမျိုးမျိုးကြောင့် အချို့အသုံးပြုထားသော ဆောင်းပါး၊ သတင်းနှင့် ဓာတ် ပုံများကို ကြိုတင်ခွင့်ပြုချက်မတောင်းနိုင်ပဲ အသုံးပြု ခြင်းအပေါ် မူရင်းဖန်တီးရှင်များနှင့် စာဖတ်ပရိသတ်များ အနေဖြင့် နားလည်ပေးပါရန် တောင်းပန်အပ်ပါသည်။

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP