Monday, November 10, 2008

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာစင်သီယာမောင်တို့ကို စပိန်မှ ဆုချီးမြှင့်မည်..



အာရ်အက်ဖ်အေ
၂၀၀၈-၁၁-၁၀

မြန်မာနိုင်ငံက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအခြေအနေတွေကို နိုင်ငံတကာက ပိုသိလာအောင်နဲ့ မြန်မာ့အရေးကို ထောက်ခံတဲ့အနေနဲ့ စပိန်နိုင်ငံ ကတ်တာလိုနီးယားပြည်နယ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းမြန်မာနယ်စပ် မယ်တော်ဆေးခန်းက ဒေါက်တာစင်သီယာမောင်တို့ကို လူ့အခွင့်အရေးဆု ချီးမြှင့်မယ်လို့ သိရပါတယ်။

ဒီဆုတွေကို လက်ခံရယူဖို့ ဒေါက်တာစင်သီယာမောင်ဟာ နိုဝင်ဘာ ၁၀ ရက် ဒီနေ့မှာ စပိန်နိုင်ငံ ဘာစီလိုနာမြို့ကို ရောက်ရှိနေပါတယ်။ မနက်ဖြန်မှာ ကျင်းပမယ့် ဆုပေးပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်တဲ့ ဆုကိုတော့ ဗြိတိန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK က တာဝန်ခံတဦးဖြစ်တဲ့ မဇိုယာဖန်းက လက်ခံမယ်လို့ သိရပါတယ်။

ဒီဆုပေးပွဲနဲ့ပတ်သက်ပြီး Burma Campaign UK က ညွှန်းကြားရေးမှူး Mr. Mark Farmaner က ဒီဆုဟာ စပိန်နိုင်ငံ ကတ်တလိုနီးယားပြည်နယ်အစိုးရရဲ့ ဂုဏ်သိက္ခာ အမြင့်မားဆုံး လူ့အခွင့်အရေးဆုဖြစ်ပြီး ဒီနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မယ်တော်ဆေးခန်းက ဒေါက်တာစင်သီယာမောင်တို့ကို ချီးမြှင့်ပါတယ်။ ဒီဆုပေးပွဲကို စပိန်နိုင်ငံတ၀န်းက မီဒီယာတွေမှာ ဖော်ပြမှာဖြစ်လို့ မြန်မာ့အရေးကို စပိန်ပြည်သူတွေ ပိုသိပြီး ထောင်ခံမှုပိုရလာမှာပါလို့ ပြောပါတယ်။

ကတ်တလိုနီးယားပြည်နယ်ဟာ စပိန်နိုင်ငံရဲ့ အရှေ့မြောက်ပိုင်းမှာရှိပြီး ပြည်နယ်မြို့ တော်ဘာစီလိုနာအပါအ၀င် လူဦးရေ ၇ သန်းကျော် နေထိုင်တဲ့ ဒေသကြီးဖြစ်ပါတယ်။ မနက်ဖြန်မျာ ချီးမြှင့်တဲ့ လူ့အခွင့်အရေးဆုမှာ ငွေသားဆုလည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒေါက်တာစင်သီမောင်နဲ့ မဇိုယာဖန်းတို့ မနက်ဖြန်မှာ ကတ်တာလိုနီးယားပြည်နယ် ဥက္ကဌ မစ္စတာဟိုဆေးမွန်တေးလ်နဲ့လည်း တွေ့ ဆုံဖို့ ရှိသလို သတင်းထောက်တွေနဲ့ တွေ့ ဆုံဖို့လည်း ရှိတယ်လို့ သိရပါတယ်။

စာမူဖိတ်ခေါ်ခြင်း

ချိုးလင်းပြာ အမျိုးသမီးစာစောင်အတွက် အမျိုးသမီးရေးနှင့် သက်ဆိုင်သော ဆောင်းပါး၊ ၀တ္တုတို၊ ကဗျာ၊ သတင်းတို့ကို ချိုးလင်းပြာသို့ ပေးပို့နိုင်ပါသည်။ အမျိုးသမီးရေးနှင့် သက် ဆိုင်သည့် အပြုသဘောဆောင်သော မည်သည့်ဝေဖန် ချက်၊ သုံးသပ်ချက်၊ အကြံပြုချက်ကိုမဆို ကြိုဆိုပါသည်။

တောင်းပန်ခြင်း

ဤစာမျက်နှာ (သို့) စာစောင်သည် အခမဲ့ဖြန့်ဝေသော စာစောင်ဖြစ်သည့်အတွက် အကြောင်းအမျိုးမျိုးကြောင့် အချို့အသုံးပြုထားသော ဆောင်းပါး၊ သတင်းနှင့် ဓာတ် ပုံများကို ကြိုတင်ခွင့်ပြုချက်မတောင်းနိုင်ပဲ အသုံးပြု ခြင်းအပေါ် မူရင်းဖန်တီးရှင်များနှင့် စာဖတ်ပရိသတ်များ အနေဖြင့် နားလည်ပေးပါရန် တောင်းပန်အပ်ပါသည်။

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP