Friday, November 14, 2008

အမေရိကန် အမျိုးသမီး အထက်လွှတ်တော်အမတ်အဖွဲ့ နှစ်ရှည်ပြစ်ဒဏ်ပေးမှု ရှုတ်ချ

14 November 2008။ VOA။

မန်မာနိုင်ငံရေးရာ အမေရိကန် အမျိုးသမီး အထက်လွှတ်တော် အမတ်များအဖွဲ့ရဲ့ ပူးတွဲသဘာပတိတွေ
ဖြစ်ကြတဲ့ ကယ်လီဖိုးနီးယားပြည်နယ် အထက်လွှတ်တော်အမတ် မစ္စ ဒိုင်ယန်း ဖိုင်းစတိုင်း(Ms. Dianne Feinstein) နဲ့ တက္ကဆက်ပြည်နယ်အထက်လွှတ်တော်အမတ် မစ္စ ကေ ဘေလီဟတ်ချီဆန် (Ms. Kay Bailey Hutchison) တို့ကဒီရက်ပိုင်းအတွင်း မြန်မာပြည်တွင်းမှာ ဒီမိုကရေစီလှုပ်ရှားသူ ၆၁ ဦးကို စစ်အစိုးရက မတရား နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့တဲ့အပေါ် ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မြန်မာနိုင်ငံက
နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့ကိုလည်း အထက်လွှတ်တော်အမတ်
မစ္စ ဖိုင်းစတိုင်းနဲ့ မစ္စ ဟတ်ချီဆန်တို့က တိုက်တွန်းလိုက်ပါတယ်။
မနေ့က မြန်မာပြည်တွင်းမှာ နိုင်ငံရေးလှုပ်ရှားသူ နောက်ထပ် ၂၀ ဦးထက်မနည်းကို
ရန်ကုန်က အထူးတရားရုံးတွေက ထောင်ဒဏ် ၂ နှစ်ကနေ ၁၂ နှစ်အထိ ချမှတ်လိုက်
ပါတယ်။ ထောင်ချခံရသူ အများစုဟာ အန်န်အယ်လ်ဒီပါတီအဖွဲ့ဝင် လူငယ်တွေဖြစ်ပြီး
တချို့ကတော့ ၈၈ မျိုးဆက် ကျောင်းသားအုပ်စုထဲက ဖြစ်ပါတယ်။

စာမူဖိတ်ခေါ်ခြင်း

ချိုးလင်းပြာ အမျိုးသမီးစာစောင်အတွက် အမျိုးသမီးရေးနှင့် သက်ဆိုင်သော ဆောင်းပါး၊ ၀တ္တုတို၊ ကဗျာ၊ သတင်းတို့ကို ချိုးလင်းပြာသို့ ပေးပို့နိုင်ပါသည်။ အမျိုးသမီးရေးနှင့် သက် ဆိုင်သည့် အပြုသဘောဆောင်သော မည်သည့်ဝေဖန် ချက်၊ သုံးသပ်ချက်၊ အကြံပြုချက်ကိုမဆို ကြိုဆိုပါသည်။

တောင်းပန်ခြင်း

ဤစာမျက်နှာ (သို့) စာစောင်သည် အခမဲ့ဖြန့်ဝေသော စာစောင်ဖြစ်သည့်အတွက် အကြောင်းအမျိုးမျိုးကြောင့် အချို့အသုံးပြုထားသော ဆောင်းပါး၊ သတင်းနှင့် ဓာတ် ပုံများကို ကြိုတင်ခွင့်ပြုချက်မတောင်းနိုင်ပဲ အသုံးပြု ခြင်းအပေါ် မူရင်းဖန်တီးရှင်များနှင့် စာဖတ်ပရိသတ်များ အနေဖြင့် နားလည်ပေးပါရန် တောင်းပန်အပ်ပါသည်။

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP