Friday, October 24, 2008

ချိုးလင်းပြာသို့ပေးစာ

၆-၉-၀၈

ချိုးလင်းပြာဖတ်ရတာကြောင့် ဗဟုသုတတိုးလာတယ်။ တခြားနိုင်ငံမှာဖြစ်နေတဲ့ နိုင်ငံခြားမှာ ဖြစ်ပျက်နေတဲ့ သတင်းတွေကို သိရတယ်။ အမျိုးသမီးခေါင်းဆောင်မှုတွေကို တွေ့ရတော့ ခေါင်းဆောင်မှုတွေ ကိုယ်ကိုယ်တိုင်မဖြစ်ခဲ့၊ မလုပ်နိုင်ခဲ့ပေမယ့် သူများလုပ်တာတွေ့ရတော့ ၀မ်းသာတယ်။ ကိုယ်ဖတ်ရတဲ့ အကြောင်းအရာတွေလည်း သူများကို ပြန်ပြောပြတယ်။ တချို့ အကြောင်းအရာတွေကိုတော့ သိပ်နားမလည်ဘူး.....

မရီရီဝင်း (မဲဆောက်)



စာမူဖိတ်ခေါ်ခြင်း

ချိုးလင်းပြာ အမျိုးသမီးစာစောင်အတွက် အမျိုးသမီးရေးနှင့် သက်ဆိုင်သော ဆောင်းပါး၊ ၀တ္တုတို၊ ကဗျာ၊ သတင်းတို့ကို ချိုးလင်းပြာသို့ ပေးပို့နိုင်ပါသည်။ အမျိုးသမီးရေးနှင့် သက် ဆိုင်သည့် အပြုသဘောဆောင်သော မည်သည့်ဝေဖန် ချက်၊ သုံးသပ်ချက်၊ အကြံပြုချက်ကိုမဆို ကြိုဆိုပါသည်။

တောင်းပန်ခြင်း

ဤစာမျက်နှာ (သို့) စာစောင်သည် အခမဲ့ဖြန့်ဝေသော စာစောင်ဖြစ်သည့်အတွက် အကြောင်းအမျိုးမျိုးကြောင့် အချို့အသုံးပြုထားသော ဆောင်းပါး၊ သတင်းနှင့် ဓာတ် ပုံများကို ကြိုတင်ခွင့်ပြုချက်မတောင်းနိုင်ပဲ အသုံးပြု ခြင်းအပေါ် မူရင်းဖန်တီးရှင်များနှင့် စာဖတ်ပရိသတ်များ အနေဖြင့် နားလည်ပေးပါရန် တောင်းပန်အပ်ပါသည်။

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP