Friday, October 24, 2008

ချိုးလင်းပြာသို့ပေးစာ

၅-၁၀-၀၈
ချိုးလင်းပြာနဲ့ပတ်သက်ပြီး အကုန်ဖတ်တယ်။ အထူးသဖြင့် နိုင်ငံရေးကဏ္ဍနဲ့ ပတ်သက်ပြီး ပိုဖတ်ဖြစ်တယ်။ သူငယ်ချင်းမိန်းကလေးတွေက နိုင်ငံရေးနဲ့ပတ်သက်ပြီး သိပ်မဖတ်ပါနဲ့.. နောက်ဆို အစ်မပါ နိုင်ငံရေးထဲပါသွားမယ်လို့ ပြောပါတယ်။ ကျမက ဘာဖြစ်လဲ.. ပါသွားချင် ပါသွားပါစေပေါ့.. ငါက နဂိုကတည်းက ၀ါသနာပါတာပဲ.. နင်တို့က နိုင်ငံရေးသဘောတရားကို စာဖတ်ရင် နားလည်သွားမှာပေါ့ ပြန်ပြောလိုက်တယ်။ သူငယ်ချင်းတွေက မေးတယ်.. အစ်မက ဒီစာအုပ်တွေဖတ်ပြီး သင်တန်းသွားတက်နေတာ ဘာဖြစ်လို့လဲလို့မေးတယ်..။ နင်တို့သိချင်ရင် နင်တို့လိုက်ခဲ့ပေါ့လို့ ပြန်ပြောတော့ မကြောက်ရဘူးလားလို့ မေးတယ်။ ရဲတွေဘာတွေ လမ်းမှာရှိမှာပေါ့.. ကြည့်ပြီးသွားမှာပေါ့လို့ ပြန်ပြောလိုက်တယ်..။

ကိုယ်က ပညာမရှိဘူး။ ဒါကြောင့် ဒီစာအုပ်တွေကိုပဲ အမှီပြုပြီးရှာရတာ။ ကိုယ်ဖတ်ပြီးသားစာတွေကိုလည်း ခေါင်းစဉ်ပြောပြပြီး သူတို့ကို ပြန်ဖတ်ခိုင်းတယ်။ ပြီးတော့ နောက်တခြားခေါင်းစဉ်နဲ့ အကြောင်းအရာတွေပါ စိတ်ဝင်စားစရာကောင်းတယ်လို့ပြောတော့ သူတို့တွေက ဖတ်တယ်။ သူတို့တွေက စာအုပ်ဖတ်တာတောင် နိုင်ငံရေးညှိစွန်းမှာ ကြောက်တယ်။

မိုမိုထွန်း (CNN စက်ရုံ-မဲဆောက်)



စာမူဖိတ်ခေါ်ခြင်း

ချိုးလင်းပြာ အမျိုးသမီးစာစောင်အတွက် အမျိုးသမီးရေးနှင့် သက်ဆိုင်သော ဆောင်းပါး၊ ၀တ္တုတို၊ ကဗျာ၊ သတင်းတို့ကို ချိုးလင်းပြာသို့ ပေးပို့နိုင်ပါသည်။ အမျိုးသမီးရေးနှင့် သက် ဆိုင်သည့် အပြုသဘောဆောင်သော မည်သည့်ဝေဖန် ချက်၊ သုံးသပ်ချက်၊ အကြံပြုချက်ကိုမဆို ကြိုဆိုပါသည်။

တောင်းပန်ခြင်း

ဤစာမျက်နှာ (သို့) စာစောင်သည် အခမဲ့ဖြန့်ဝေသော စာစောင်ဖြစ်သည့်အတွက် အကြောင်းအမျိုးမျိုးကြောင့် အချို့အသုံးပြုထားသော ဆောင်းပါး၊ သတင်းနှင့် ဓာတ် ပုံများကို ကြိုတင်ခွင့်ပြုချက်မတောင်းနိုင်ပဲ အသုံးပြု ခြင်းအပေါ် မူရင်းဖန်တီးရှင်များနှင့် စာဖတ်ပရိသတ်များ အနေဖြင့် နားလည်ပေးပါရန် တောင်းပန်အပ်ပါသည်။

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP