Friday, October 24, 2008

ချိုးလင်းပြာသို့ပေးစာ

၉-၁၀-၀၈

နောက်ဆုံးထွက် အမှတ်စဉ် ၅၀ ထဲက နာဂစ်အင်တာဗျူးကိုဖတ်ရတော့ စိတ်မကောင်းတအားဖြစ်မိတယ်။ နာဂစ်ဖြစ်တုန်းက ကိုယ်က ထိုင်းမှာဆိုတော့ ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာ မသိရဘူးလေ။ ကိုယ်ကလည်း ကိုယ့်အိမ်ရောပါသွားသလား၊ မောင်နှမတွေပါသွားလား စိုးရိမ်မိတာပေါ့။ အင်တာဗျူးထဲမှာ ကလေးတွေကို ပစ္စည်းတွေ အကုန်မဝေဘူးသိရတော့ စိတ်မကောင်းတအားဖြစ်ရတယ်။ စာဖတ်ရင်း ဒါ စစ်အစိုးရကြောင့်ဖြစ်ရတယ်လို့ စိတ်ထဲမှာ ထင်မိတယ်။ စာအုပ်ဖတ်တော့ ကိုယ်မသိတာတွေ သိရတာပေါ့။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ အခြေအနေကို သိရတယ်။

ယမင်းထွန်း



စာမူဖိတ်ခေါ်ခြင်း

ချိုးလင်းပြာ အမျိုးသမီးစာစောင်အတွက် အမျိုးသမီးရေးနှင့် သက်ဆိုင်သော ဆောင်းပါး၊ ၀တ္တုတို၊ ကဗျာ၊ သတင်းတို့ကို ချိုးလင်းပြာသို့ ပေးပို့နိုင်ပါသည်။ အမျိုးသမီးရေးနှင့် သက် ဆိုင်သည့် အပြုသဘောဆောင်သော မည်သည့်ဝေဖန် ချက်၊ သုံးသပ်ချက်၊ အကြံပြုချက်ကိုမဆို ကြိုဆိုပါသည်။

တောင်းပန်ခြင်း

ဤစာမျက်နှာ (သို့) စာစောင်သည် အခမဲ့ဖြန့်ဝေသော စာစောင်ဖြစ်သည့်အတွက် အကြောင်းအမျိုးမျိုးကြောင့် အချို့အသုံးပြုထားသော ဆောင်းပါး၊ သတင်းနှင့် ဓာတ် ပုံများကို ကြိုတင်ခွင့်ပြုချက်မတောင်းနိုင်ပဲ အသုံးပြု ခြင်းအပေါ် မူရင်းဖန်တီးရှင်များနှင့် စာဖတ်ပရိသတ်များ အနေဖြင့် နားလည်ပေးပါရန် တောင်းပန်အပ်ပါသည်။

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP