Friday, October 24, 2008

ချိုးလင်းပြာသို့ ပေးစာ

သို့

ချိုးလင်းပြာအယ်ဒီတာအဖွဲ့

ချိုးလင်းပြာ အမှတ် (၅) Volume 52 တွင်ပါရှိသော သတင်းတပုဒ်ဖြစ်သည့် စာမျက်နှာ ၁၂ ပါ `ရခိုင်အမျိုးသမီးငယ်တဦးကို ရခိုင်အမျိုးသမီးအစည်းအရုံးမှ ကယ်တင်´ဆိုသည့် သတင်းတွင်အမျိုးသမီးငယ်၏ ဓာတ်ပုံကို ပေါ်ပေါ်ထင်ထင် ဖော်ပြထားခြင်းအားဖြင့် ထိုအမျိုးသမီးငယ်အပေါ်တွင် အန္တရာယ်များ ကျရောက်လာနိုင်သည်ဟု မြင်ပါသည်။ ထို့ကြောင့် နောက်နောင် ချိုးလင်းပြာအနေဖြင့် ယခုလို ဓာတ်ပုံများ ဖော်ပြမည်ဆိုပါက ကာယကံရှင်အပေါ်တွင် ကျရောက်လာမည့် အန္တရာယ်ကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ယခုလို ပေါ်ပေါ်ထင်ထင် မဖော်ပြသင့်ကြောင်း အကြံပြုအပ်ပါသည်.....

ချိုးလင်းပြာ၏ ပင်တိုင်စာဖတ်ပရိသတ်တဦး (မဲဆောက်ဒေသ)
၂၄-၁၀-၀၈


စာမူဖိတ်ခေါ်ခြင်း

ချိုးလင်းပြာ အမျိုးသမီးစာစောင်အတွက် အမျိုးသမီးရေးနှင့် သက်ဆိုင်သော ဆောင်းပါး၊ ၀တ္တုတို၊ ကဗျာ၊ သတင်းတို့ကို ချိုးလင်းပြာသို့ ပေးပို့နိုင်ပါသည်။ အမျိုးသမီးရေးနှင့် သက် ဆိုင်သည့် အပြုသဘောဆောင်သော မည်သည့်ဝေဖန် ချက်၊ သုံးသပ်ချက်၊ အကြံပြုချက်ကိုမဆို ကြိုဆိုပါသည်။

တောင်းပန်ခြင်း

ဤစာမျက်နှာ (သို့) စာစောင်သည် အခမဲ့ဖြန့်ဝေသော စာစောင်ဖြစ်သည့်အတွက် အကြောင်းအမျိုးမျိုးကြောင့် အချို့အသုံးပြုထားသော ဆောင်းပါး၊ သတင်းနှင့် ဓာတ် ပုံများကို ကြိုတင်ခွင့်ပြုချက်မတောင်းနိုင်ပဲ အသုံးပြု ခြင်းအပေါ် မူရင်းဖန်တီးရှင်များနှင့် စာဖတ်ပရိသတ်များ အနေဖြင့် နားလည်ပေးပါရန် တောင်းပန်အပ်ပါသည်။

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP