Thursday, October 23, 2008

မထူးခြားပေမယ့် လေးစားလောက်သည့် ဆရာမခင်ပန်းနှင်း


ကဗျာဆရာစောဝေဘက်မှ သက်သေလိုက်ပေးနေသော စာရေးဆရာမ ခင်ပန်နှင်း (ဒေါက်တာဒေါ်ခင်မြင့်ဦး)။ (ဓာတ်ပုံ စာဖတ်သူဂျာနယ်)

မြန်မာနိုင်ငံရဲ့ ရက်စက်ကြမ်းကြုတ်လှတဲ့ စစ်ဘီလူးတွေအောက်မှာ ပြည်သူတွေဟာ အကြောက်တရားဖုံးလွှမ်းနေကြရပြီး မတရားညဉ်းပန်းနှိပ်စက်မှုနဲ့ ဥပဒေမမဲ့ ဖမ်းဆီးထောင်ချမှုတွေကြောင့် သာမာန်လူများမှာ အမှန်တရားဘက်မှ ရပ်တည်ဝံ့သူ နည်းပါးကြသည်။ ယခု စာရေးဆရာမ ခင်ပန်းနှင်းမှာ အမှန်တရားအတွက် အာဏာရှင်ကို အံတုပြီး မိမိရဲ့ကိုယ်ကျိုးစီးပွားကို မငှဲ့ကွက်ပဲ အမှန်တရားဘက်မှ ရပ်တည်ရဲသည့် လူနည်းစုပြည်သူများထဲမှ တဦးအပါအ၀င် ဖြစ်လာပါပြီ။


သူမ သက်သေလိုက်ပေးနေသော ကဗျာဆရာစောဝေဟာ လွန်ခဲ့တဲ့ ၉ လက ဖမ်းဆီးခံခဲ့ရပြီး ဥပဒေ ပုဒ်မ ၅၀၅(ခ)ဖြင့် တရားရင်ဆိုင်နေရသည်။ ၅၀၅(ခ)သည် ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်ခံရနိုင်သည့်ပုဒ်မဖြစ်သည်။ အာဏာပိုင်များက ကိုစောဝေဖွဲ့ဆိုခဲ့သည့် “အာဏာရူးကြီး မှူးကြီးသန်းရွှေ” ကဗျာဟာ အများပြည်သူကို ထိတ်လန့်နိုင်သည်ဟု စွပ်စွဲထားသည်။

(ပါဝင်သော အချို့အချက်အလက်များကို မိုးမခစာမျက်နှာမှ ပြန်လည်ဖော်ပြထားပါသည်)

စာမူဖိတ်ခေါ်ခြင်း

ချိုးလင်းပြာ အမျိုးသမီးစာစောင်အတွက် အမျိုးသမီးရေးနှင့် သက်ဆိုင်သော ဆောင်းပါး၊ ၀တ္တုတို၊ ကဗျာ၊ သတင်းတို့ကို ချိုးလင်းပြာသို့ ပေးပို့နိုင်ပါသည်။ အမျိုးသမီးရေးနှင့် သက် ဆိုင်သည့် အပြုသဘောဆောင်သော မည်သည့်ဝေဖန် ချက်၊ သုံးသပ်ချက်၊ အကြံပြုချက်ကိုမဆို ကြိုဆိုပါသည်။

တောင်းပန်ခြင်း

ဤစာမျက်နှာ (သို့) စာစောင်သည် အခမဲ့ဖြန့်ဝေသော စာစောင်ဖြစ်သည့်အတွက် အကြောင်းအမျိုးမျိုးကြောင့် အချို့အသုံးပြုထားသော ဆောင်းပါး၊ သတင်းနှင့် ဓာတ် ပုံများကို ကြိုတင်ခွင့်ပြုချက်မတောင်းနိုင်ပဲ အသုံးပြု ခြင်းအပေါ် မူရင်းဖန်တီးရှင်များနှင့် စာဖတ်ပရိသတ်များ အနေဖြင့် နားလည်ပေးပါရန် တောင်းပန်အပ်ပါသည်။

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP