Tuesday, October 21, 2008

သတင်းဆိုင်ရာ ရဲစွမ်းသတ္တိဆု အမျိုးသမီး ၃ ဦး ပေးအပ်ခံရ



၁၇ ရက် အောက်တိုဘာလ ၂၀၀၈။ ဗွီအိုအေ အင်တာနက်စာမျက်နှာမှ။

နိုင်ငံတကာသတင်းလောကမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို အားဖြည့်ပေးဖို့ ရည်ရွယ်ဖွဲ့စည်းထားတဲ့ အမေရိကန်အခြေစိုက် IWMF ခေါ် နိုင်ငံတကာ အမျိုးသမီး မီဒီယာ ဖောင်ဒေးရှင်း ကြီးက ဒီနှစ်အတွက် သတင်းဆိုင်ရာ ရဲစွမ်းသတ္တိဆုကို မြန်မာနိုင်ငံက အေပီသတင်းထောက် ဒေါ်အေးအေးဝင်း၊ အာဖဂန်က ပတ်ခ်ျဝပ် Pajhwole သတင်းဋ္ဌာန အယ်ဒီတာချုပ် ဖာရီဒါ နက်ခ်ဇက် Farida Nekzad နဲ့ ဆိုင်းပရက်စ် Syprus နိုင်ငံက ဆာဖ်ဂိုးလ် အူလူးဒက်ခ် Seugul Uludag တို့ကို ဒီနှစ်ဆုရှင်တွေအဖြစ် ရွေးချယ်တဲ့အကြောင်း သြဂုတ်လက ကြေညာခဲ့ပါတယ်။



ဒေါ်အေးအေးဝင်း

မနေ့က လော့စ်အိန်ဂျဲလိစ့်မှာ ဆုပေးပွဲအခမ်းအနားကို ကျုင်းပခဲ့ပါတယ်။ ဒီဆုရှင်အမျိုးသမီးတွေနဲ့ပတ်သက်ပြီး ဗွီအိုအေ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ပြထားပါတယ်။

စာမူဖိတ်ခေါ်ခြင်း

ချိုးလင်းပြာ အမျိုးသမီးစာစောင်အတွက် အမျိုးသမီးရေးနှင့် သက်ဆိုင်သော ဆောင်းပါး၊ ၀တ္တုတို၊ ကဗျာ၊ သတင်းတို့ကို ချိုးလင်းပြာသို့ ပေးပို့နိုင်ပါသည်။ အမျိုးသမီးရေးနှင့် သက် ဆိုင်သည့် အပြုသဘောဆောင်သော မည်သည့်ဝေဖန် ချက်၊ သုံးသပ်ချက်၊ အကြံပြုချက်ကိုမဆို ကြိုဆိုပါသည်။

တောင်းပန်ခြင်း

ဤစာမျက်နှာ (သို့) စာစောင်သည် အခမဲ့ဖြန့်ဝေသော စာစောင်ဖြစ်သည့်အတွက် အကြောင်းအမျိုးမျိုးကြောင့် အချို့အသုံးပြုထားသော ဆောင်းပါး၊ သတင်းနှင့် ဓာတ် ပုံများကို ကြိုတင်ခွင့်ပြုချက်မတောင်းနိုင်ပဲ အသုံးပြု ခြင်းအပေါ် မူရင်းဖန်တီးရှင်များနှင့် စာဖတ်ပရိသတ်များ အနေဖြင့် နားလည်ပေးပါရန် တောင်းပန်အပ်ပါသည်။

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP