Tuesday, October 21, 2008

စက်တင်ဘာလထုတ် ချိုးလင်းပြာအမျိုးသမီးစာစောင် ဖတ်ရှုနိုင်ပါပြီ


(စက်ပိုင်းဆိုင်ရာအခက်အခဲကြောင့် ချိုးလင်းပြာစာစောင် မျက်နှာဖုံးမှာ အနီရောင်နေရာတွင် အပြာရောင်ဖြစ်နေပါသည်... ယခုမျက်နှာဖုံးတွင်တွေ့မြင်ရသည့် အပြာရောင်ဆေးသားများနေရာတွင် အနီရောင်အဖြစ် အစားထိုးကြည့်ရှုပေးပါရန် မေတ္တာရပ်ခံပါသည်)

၂၀၀၈ စက်တင်ဘာလထုတ် ချိုးလင်းပြာအမျိုးသမီးစာစောင်ကို ဖတ်ရှုလိုပါက စာရေးသားတောင်းခံနိုင်ပါသည်။

စာတိုက်လိပ်စာဖြင့် စာရေးသားတောင်းခံလိုပါက

Dove
P.O Box 40, Mae Rim
Chiang Mai, 50180
Thailand သို့ တောင်းခံစာကို မိမိတို့၏ စာတိုက်လိပ်စာနှင့် စာအုပ်အရေအတွက်ကို ထည့်သွင်းရေးသားပြီး ပေးပို့နိုင်ပါသည်။

အီးမေးဖြင့် စာရေးသားတောင်းခံလိုပါက အီးမေးလိပ်စာ bwu.dove@gmail.com သို့ မိမိတို့၏ စာတိုက်လိပ်စာနှင့် မိမိတောင်းခံလိုသည့် စာအုပ်အရေအတွက်ကို ရေးသားပေးပို့နိုင်ပါသည်။

မှတ်ချက်။ ။ စာအုပ်တောင်းခံသူသည် ထိုင်းနိုင်ငံအတွင်းဖြစ်ပါက ချိုးလင်းပြာဌာနမှ အခမဲ့ ပို့ဆောင်ပေးပြီး အကယ်၍ စာရေးသားတောင်းခံသူသည် ထိုင်းနှင့် မြန်မာနိုင်ငံမှအပ ပြည်ပနိုင်ငံများမှ ဖြစ်ပါက စာအုပ်၏ ပို့ဆောင်ခကို ပြန်လည်ပေးပို့ပေးရမည်ဖြစ်သည်။

စာမူဖိတ်ခေါ်ခြင်း

ချိုးလင်းပြာ အမျိုးသမီးစာစောင်အတွက် အမျိုးသမီးရေးနှင့် သက်ဆိုင်သော ဆောင်းပါး၊ ၀တ္တုတို၊ ကဗျာ၊ သတင်းတို့ကို ချိုးလင်းပြာသို့ ပေးပို့နိုင်ပါသည်။ အမျိုးသမီးရေးနှင့် သက် ဆိုင်သည့် အပြုသဘောဆောင်သော မည်သည့်ဝေဖန် ချက်၊ သုံးသပ်ချက်၊ အကြံပြုချက်ကိုမဆို ကြိုဆိုပါသည်။

တောင်းပန်ခြင်း

ဤစာမျက်နှာ (သို့) စာစောင်သည် အခမဲ့ဖြန့်ဝေသော စာစောင်ဖြစ်သည့်အတွက် အကြောင်းအမျိုးမျိုးကြောင့် အချို့အသုံးပြုထားသော ဆောင်းပါး၊ သတင်းနှင့် ဓာတ် ပုံများကို ကြိုတင်ခွင့်ပြုချက်မတောင်းနိုင်ပဲ အသုံးပြု ခြင်းအပေါ် မူရင်းဖန်တီးရှင်များနှင့် စာဖတ်ပရိသတ်များ အနေဖြင့် နားလည်ပေးပါရန် တောင်းပန်အပ်ပါသည်။

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP